Dcity Stort #3 ( War Shares )

avatar

#dcity game သည် HIVE Platform ပေါ်တွင် အခြေခံထားသည့် Game တစ်ခုဖြစ်ပါတယ်။ ကစားသူများသည် Game အတွင်းရှိ နိုင်ငံသား ကဒ်များ၊ နည်းပညာ ကဒ်များ၊ Support ကဒ်များ နှင့် Prevent card များကို မိမိစိတ်ကြိုက် ရွေးချယ်ပြီး မြို့တစ်ခု အဖြစ် တည်ဆောက် ဆော့ကစားနိုင်သော Game တစ်ခု ဖြစ်ပါတယ်။ #dcity game တွင် ရရှိနိုင်သော Reward လေးခုရှိပါတယ်။ ၎င်းတို့မှာ SIM daily Income ( card income နှင့် War Share )၊ SIM Holding Income ( SIM 9000 နှင့် အထက်ကို တစ်လကျော် Hold လုပ်ထားခြင်းအတွက် ရရှိသည့် Income၊ Ranking Income ( #dcity တွင် Rank 5 ခု ရှိပြီး Top 400 ထဲ ရောက်ရှိသည်နှင့် Daily HIVE income ရရှိပါတယ် )၊ Card အသစ်များ တို့ ဖြစ်ပါတယ်။ ၎င်း Reward များသည် ကျွန်တော်တို့တွင် ရှိပြီးသော Card များကို Base လုက်ပြီး ရရှိတာမို့ ကျွန်တော်တို့၏ ကစားနည်း ဗျူဟာများမှာ အရေးကြီးပါတယ်။

#Dcity Story 3 (War Shares and Card Income)
ကျွန်တော် ဒီနေ့မှာတော့ War Shares နှင့် Card Income ဘယ်ဟာကို ‌ရွေးချယ်မလဲ ဆိုသည့် ‌ခေါင်းစဥ်ကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ မကြာသေးခင်က War Shares ကိစ္စကို မျှဝေပေးခဲ့ပြီး ဖြစ်ပါတယ်။ Card Income အကြောင်းကိုတော့ နောက်ရက်တွေမှာ ထပ်မံ ဖော်ပြ‌ပေးသွားမှာ ဖြစ်ပါတယ်။
War Shares နှင့် Card Income များသည် Daily SIM Income များ ပေးကြပါသည်။ နှစ်ခုစလုံးသည် #dcity game ၏ Popular အဖြစ်ဆုံး Income များ ဖြစ်ကြပါတယ်။ ကျွန်တော်တို့ ရွေးချယ်ရမှာက War Shares ကနေ SIM Income ယူမလား Card Income ကနေ SIM Income ယူမလား ဟူ၍ ဖြစ်ပါတယ်။ နှစ်ခုစလုံးမှာ အားသာချက် အားနည်းချက်တွေ ရှိနေပါတယ်။

War Share ကို အသုံးပြုမည်ဆိုလျှင်
War Share သည် Crisis မရှိသည့်အတွက် ရရှိသမျှ SIM များကို အတိအကျ ရရှိမည် ဖြစ်ပါတယ်။ သို့ပင်မဲ့ President ၏ Tax အနည်းအများပေါ် မူတည်ပြီး War Share မှ ရရှိမည့် SIM သည်ဂအနည်းအများ ဖြစ်ပေါ် နိုင်ပါတယ်။

Card များကို အသုံးပြုမည် ဆိုလျှင်
Card များသည် SIM income ပေးသည့်အပြင် သက်ဆိုင်ရာ ( Education ၊ Creative ၊ Population ၊ Popularity၊ Tax Refund နှင့် တစ်ခြား Support များ ) ရရှိနိုင်ပါတယ်။ Card မှ ရရှိသည့် Income သည် Tax နှုတ်ပြီးမှ ရရှိသည့် အမျိုးအစား ဖြစ်ပါတယ်။ Card Income တွင် Crisis များ ရှိနေသေးသည်ကိုလည်း သတိရဖို့ လိုအပ်ပါတယ်။

ကျွန်တော် ဒီနေ့ မျှဝေပေးချင်တာကတော့ ဒီလောက်ပါဘဲ။ နောက်ရက်တွေမှာ တစ်ခြား အကြောင်းအရာများကို မျှဝေပေးပါရစေ။

@johndieo
16.8.2022



0
0
0.000
5 comments