Dcity Story #4 ( Card Trading )

avatar
(Edited)

#dcity game သည် HIVE Platform ပေါ်တွင် အခြေခံထားသည့် Game တစ်ခုဖြစ်ပါတယ်။ ကစားသူများသည် Game အတွင်းရှိ နိုင်ငံသား ကဒ်များ၊ နည်းပညာ ကဒ်များ၊ Support ကဒ်များ နှင့် Prevent card များကို မိမိစိတ်ကြိုက် ရွေးချယ်ပြီး မြို့တစ်ခု အဖြစ် တည်ဆောက် ဆော့ကစားနိုင်သော Game တစ်ခု ဖြစ်ပါတယ်။ #dcity game တွင် ရရှိနိုင်သော Reward လေးခုရှိပါတယ်။ ၎င်းတို့မှာ SIM daily Income ( card income နှင့် War Share )၊ SIM Holding Income ( SIM 9000 နှင့် အထက်ကို တစ်လကျော် Hold လုပ်ထားခြင်းအတွက် ရရှိသည့် Income၊ Ranking Income ( #dcity တွင် Rank 5 ခု ရှိပြီး Top 400 ထဲ ရောက်ရှိသည်နှင့် Daily HIVE income ရရှိပါတယ် )၊ Card အသစ်များ တို့ ဖြစ်ပါတယ်။ ၎င်း Reward များသည် ကျွန်တော်တို့တွင် ရှိပြီးသော Card များကို Base လုက်ပြီး ရရှိတာမို့ ကျွန်တော်တို့၏ ကစားနည်း ဗျူဟာများမှာ အရေးကြီးပါတယ်။

ကျွန်တော် ဒီနေ့ ပြောပြပေးမှာကတော့ Card များ ဝယ်ရောင်းလုပ်ခြင်း ဖြစ်ပါတယ်။

အားလုံး သိသည့်အတိုင်း #dcity game တွင် NFT card များကို ဝယ်/ရောင်း လုပ်လို့ရပါတယ်။ ( ဒါကတော့ #dcity game တွင် Ranking တွေ စိတ် မဝင်စား သူများ၊ SIM Income ကို စိတ် မဝင်စား သူများနှင့် War share ကိုလည်း စိတ်မပါ သူများအတွက် ဖြစ်ပါတယ် )။

ဒါကတော့ #dcity game မှာ တစ်ခြားလမ်းကြောင်း တစ်ခုဖြစ်ပါတယ်။ ကျွန်တော်ကတော့ market trading ကို ပုံစံ တစ်မျိုးဖြင့် ချည်းကပ်ပါတယ်။ ပထမ ဦးစွာ ဈေးကွတ်အတွင်း ရောင်းချလို့ ကောင်းမည့် Card များကို ကျွန်တော် အဆင်ပြေသည့် ဈေးနှုန်းဖြင့် Order တင်ပြီး ဝယ်ယူထားပါတယ် ( ဆိုလိုတာက ကျွန်တော်သည် Card တစ်ခုလျှင် ဘယ်လောက်ဖြင့် ဝယ်ယူမယ်ပေါ့။ ဒီဈေးနှင့် အဆင်ပြေမည့်သူများက လာရောက် ရောင်းချ ပေး ကြပါတယ် )

ရရှိလာသော Card များကို ဒီအတိုင်း မရောင်းချသေးပါဘူး။ ရရှိလာသည့်မ Card များကို Training လုပ်ဆောင်ပါတယ်။ Training လုပ်ဆောင်ပြီး ရရှိလာသည့် တန်ဖိုးမြင့် Card များကိုမှ ဈေးကွတ်အတွင်း ပြန်လည် ရောင်းချ ဖြစ်ပါတယ်။

ဒီလို ရောင်းချရာတွင်လည်း ကျွန်တော် အဆင်ပြေသည့် ကြိုက်ဈေးခေါ်ပြီး ဈေးကွတ်အတွင်း Order တင်ထားပါတယ်။ ဒီလိုနည်းဖြင့် game တစ်ခုအတွင်း အကျိုးအမြတ် ရယူနိုင်မှာ ဖြစ်ပါတယ်။ ( Card တစ်ခု ရောင်းထွက်လျှင် Complete Order အတွက် dcity ကို 5% ဝန်ဆောင်ခ ပေးရပါတယ်။ ဒီအခြေအနေအတွက် ဈေးနှုန်းကို ပိုမိုမြင့်ထားဖို့ လိုအပ်ပါအုံးမယ် )

ကျွန်တော် ဒီနေ့ မျှဝေပေးချင်တာကတော့ ဒီလောက်ပါဘဲ။ နောက်ရက်တွေမှာ တစ်ခြား အကြောင်းအရာများကို ထပ်မံပြီး ကျွန်တော် သိသမျှ မျှဝေအေးပါအုံးမည်။

@johndieo
16.8.2022



0
0
0.000
4 comments