BeeHive Honey And Finance Of BeeKeepers

avatar

Honey is a natural medicinal food that is very beneficial for human health and nutrition.

Due to the large number of natural pastures in our country, natural beehives can be found in abundance.
However, some selfish honey sellers mixed honey with molasses or sugar syrup and used to sell.
So I do not usually buy honey from strangers .

img_0.5870379091953056.jpg

As you can see in the picture, the honey is sold as a hive, so I can buy pure honey.

The bee hive in the picture costs 7,000 Kyats per 3.6 pounds.
One pound of bee hive costs about $ 1.4 USD .

img_0.5025941691883372.jpg

These beehives are used by local beekeepers to roam the forest to find and sell beehives.
At the end of the winter and spring, the beekeepers earn almost 20,000 MMK per day, which is about USD $ 14.
Beekeeping is a bad business in our Buddhism. This is not a good thing to do.
But just as beekeepers have to do this for a living, is honey not as useful to humans as it is to be?

What do you think?

Thank you for everything.

Tin Aung Soe

ပျားရည်သည် လူသားတို့ ကျန်းမာရေး နှင့် အာဟာရ တို့အတွက် အလွန် အသုံးဝင် အကျိုးပြုသော သဘာဝဆေးဝါး အစားအစာ တစ်ခု ဖြစ်သည်။

ကျွန်တော်တို့ နိုင်ငံတွင် သဘာဝစားကျက်မြေ ကျယ်ဝန်းသောကြောင့် သဘာဝပျားအုံများလည်း ပေါများစွာ တွေ့ရနိုင်ပါတယ်။
သို့သော် ကိုယ်ကျိုးရှာ ပျားရည် ရောင်းချသူ အချို့သည် ပျားရည်ကို သကာရည်၊ သကြားရည် စသည်ဖြင့် ရောစပ်ကာ ရောင်းချကြသည်များ ရှိကြသည်။
ထို့ကြောင့် ကျွန်တော်သည် မသိကျွမ်းသူအချို့ထံမှ ပျားရည်ကို
ဝယ်ယူလေ့မရှိပါ။

ဤပုံမှာ မြင်ရသည့်အတိုင်း ပျားအုံပျားဘို့အတိုင်း ရောင်းချသည်ကိုတော့ ပျားရည်စစ်စစ် ရနိုင်သည်မို့ ဝယ်ယူစားသုံးပါတယ်။

ပုံထဲမှာ မြင်ရသည့် ပျားအုံပျားဘို့ကို တစ်ပိဿာလျှင် မြန်မာငွေ ၇၀၀၀ ကျပ် ဖြင့် ဝယ်ယူရပါတယ်။
တစ်ပိဿာသည် ၃.၆ ပေါင် ရှိသည်ဖြစ်၍ ပျားအုံ တစ်ပေါင် ကို USD 1.4$ လောက် ပေးရပါမည်။

ဤပျားအုံပျားဘို့များမှာ ဒေသခံ ပျားဖွတ်သမားများမှ တောထဲ လှည့်လည်ကာ ပျားအုံ ရှာဖွေ ဖွတ်ယူ ရောင်းချခြင်း ဖြစ်ပါတယ်။
ဆောင်းအကုန် နွေဦးတွင် ထိုပျားဖွတ်သူတို့ ဝင်ငွေမှာ တစ်ရက်လျှင် မြန်မာငွေ ၂၀၀၀၀ နီးပါး ရကြသည် ဖြစ်၍ USD$ အားဖြင့် 14$ လောက် ဖြစ်ပါတယ်။
ပျားဖွတ်သော လုပ်ငန်းမှာ ကျွန်တော်တို့ ဗုဒ္ဓဘာသာ အရ မကောင်းသောလုပ်ငန်း၊ မလုပ်သင့်သောအရာ ဖြစ်ပါတယ်။
သို့သော် ထိုပျားဖွတ်သူတို့မှာ စားဝတ်နေရေး အရ ထိုအလုပ်ကို လုပ်ရခြင်း ဖြစ်သလို ပျားရည်သည်လည်း လူတို့အတွက် အသုံးဝင်လှသည် မဟုတ်ပါလား။

မိတ်ဆွေတို့ရော အဘယ်သို့ ယူဆပါသလဲ။

အရာအားလုံး အတွက် ကျေးဇူးတင်ပါတယ်။

တင်အောင်စိုး



0
0
0.000
2 comments
avatar

ပျားရည်ကို သိပ်တော့မကြိုက်ဘူး။
ဆေးဖက်တော့ ဝင်တယ်နော်။

0
0
0.000
avatar

ပျားရည်မကြိုက် လူမိုက်ပဲ ဟဲ ဟဲ

0
0
0.000