Poverty Income & Foodie

avatar

Hey Friends
Have a nice day!

I bought some roast foods to taste yesterday evening .

img_0.7524508559553467.jpg

These are Roasted chicken wing, Roasted okra, Roasted potatoes and roasted bean curd as you see in the image.

One chicken wing steak costs 300 kyats and two pieces cost 600 kyats.
One stick of roasted okra costs 25 kyats and four pieces cost 100 kyats.
One stick of roasted potato costs 100 kyats and two pieces cost 200 kyats.
One stick of roasted bean curd costs 50 kyats and two pieces cost 100 kyats.
All four are worth a total of 1,000 Kyats and cost $ 0.75 in USD.

It's cheaper to buy from a roadside mobile barbecue shop.
I can't buy these foods with this prices at restaurants in the city.
Although, the grassroots can't even afford this cheap snack every day.

This nibble roasted foods of this roadside barbecue is unhealthy.
If we eat them daily, we can suffer diseases such as cancer.
Myanmar is one of the highest rates of cancer in the world.
About 70% of all cancers are caused by food.
This unhealthy diet is due to the economic downturn.

img_0.969197768016558.jpg

But, the income of those who sell these foods is not bad.
There is an investment of MMK 15 lakhs or almost USD $ 1200 for a mobile barbecue shop.
The barbeque vendor prepares these snacks in the morning and afternoon and sells them around in the evening.
His daily profit income is about 15,000 kyats and about $ 12 in USD.
With a monthly income of over USD $ 350, the roadside mobile barbecue vendor earns much better than the average person.

It's just a matter of available of income and money using for the taste nibbles of the poor.

What do you think?

Thank for all ...

Tin Aung Soe

[Burmese]

မနေ့ညနေက မြည်းစရာ အဖြစ် အကင် အချို့ ဝယ်ယူဖြစ်ခဲ့ပါတယ်။
၎င်းတို့မှာ ပုံထဲမှာ မြင်ရသည့်အတိုင်း ကြက်တောင်ပံအကင်၊ ရုံးပတီသီးကင်၊အာလူးကင် နှင့် ပဲပြားအကင် တို့ ဖြစ်ပါတယ်။
ကြက်တောင်ပံအကင် တစ်ချောင်းလျှင် မြန်မာငွေ ၃၀၀ ကျပ်ဖြင့် နှစ်ချောင်း ၆၀၀ ကျပ်ပါ။
ရုံးပတီသီးအကင် တစ်ချောင်းလျှင် မြန်မာငွေ ၂၅ ကျပ်နှုန်းဖြင့် လေးချောင်း ၁၀၀ ကျပ်ပါ။
အာလူးကင် တစ်ချောင်းလျှင် မြန်မာငွေ ၁၀၀ ကျပ်နှုန်းဖြင့် နှစ်ချောင်း ၂၀၀ ကျပ်ပါ။
ပဲပြားအကင် တစ်ချောင်းလျှင် မြန်မာငွေ ၅၀ ကျပ်နှုန်းဖြင့် နှစ်ချောင်း ၁၀၀ ကျပ်ပါ။
လေးမျိုးလုံး စုစုပေါင်း မြန်မာငွေ ၁၀၀၀ ကျပ်ဖြစ်၍ USD $ အားဖြင့် 0.75 $ ကုန်ကျပါတယ်။

ဤသည်မှာ လမ်းဘေး၌ လှည့်လည် ရောင်းချသော Mobile အကင်ဆိုင် မှ ဝယ်ယူသောကြောင့် ဈေးချိုသည်ဟု ဆိုနိုင်ပါတယ်။
မြို့ပေါ်မှ စားသောက်ဆိုင်ကြီးများမှာ ဆိုရင်တော့ ယခုဈေးဖြင့် မရနိုင်ပါ။
သို့သော် အခြေခံလူတန်းစားများ အနေဖြင့် ဤသို့ ဈေးချိုသော အမြည်း စားစရာကိုတောင် နေ့စဉ် မစားနိုင်ကြပါ။

ယခုကဲ့သို့ လမ်းဘေး အကင်ဆိုင်မှ မြည်းစရာ အကင်များသည် ကျန်းမာရေးနှင့် မညီညွတ်ပါ။
၎င်းတို့ကို နေ့စဉ် စားသုံးပါက ကင်ဆာ ကဲ့သို့သော ရောဂါများ ဖြစ်ပွားနိုင်ပါသည်။
မြန်မာနိုင်ငံသည် ကမ္ဘာ့ကင်ဆာ အဖြစ်များဆုံး နိုင်ငံများ စာရင်းဝင် ဖြစ်ပါသည်။
ကင်ဆာရောဂါ ဖြစ်ရခြင်း၏ ၇၀ % လောက်သည် အစားအသောက်ကြောင့် ဖြစ်ပါသည်။
ယခုကဲ့သို့ ကျန်းမာရေးနှင့် မညီညွတ်သော အစားအစာများကို စားသုံးနေကြခြင်းသည် စီးပွားရေး နိမ့်ကျမှုကြောင့် ဖြစ်ပါတယ်။

သို့သော် ထိုအစားအစာများကို လှည့်လည်ရောင်းချသူတို့၏ ဝင်ငွေသည် မဆိုးလှပါ။
ထိုmobile အကင်ဆိုင် တစ်ခုအတွက် မြန်မာငွေ ၁၅ သိန်း သို့မဟုတ် USD$ 1200 နီးပါးမျှ ရင်းနှီးငွေ ရှိပါတယ်။
အကင်ဆိုင် အရောင်းသမားသည် မနက်နှင့်နေ့လည်ပိုင်း၌ ၎င်းစားစရာ အမြည်းအစုံအလင်ကို ပြင်ဆင်၍ ညနေခင်း၌ လှည့်လည်ရောင်းချပါတယ်။
ထိုသူ၏ တစ်ရက်စာ အမြတ်ငွေမှာ မြန်မာငွေ ၁၅၀၀၀ ကျပ်လောက် ဖြစ်၍ USD အားဖြင့် 12$ ခန့် ဖြစ်ပါတယ်။
တစ်လလျှင် USD$ 350 ကျော် ဝင်ငွေ ဖြစ်သောကြောင့် အကင်ဆိုင်ရှင်၏ ဝင်ငွေမှာ သာမန်အခြေခံလူတန်းစားများ၏ ဝင်ငွေထက် အတော်ကောင်းပါတယ်။

ဤသည်မှာ ဆင်းရဲသားများ၏ ခံတွင်းအရသာ အတွက် အမြည်း စားစရာ နှင့် ငွေသုံးစွဲမှု၊ငွေဝင်နိုင်မှု အကြောင်းအရာမျှသာ ဖြစ်ပါတယ်။

မိတ်ဆွေတို့ရော ဘယ်လို ယူဆလဲ။

ကျေးဇူးတင်ပါတယ်။

တင်အောင်စိုး



0
0
0.000
18 comments
avatar

ရောင်းချသူရဲ့ ဝင်ငွေကောင်းတာကို အားကျမိတယ်ဆရာ

0
0
0.000
avatar

လုပ်နိုင်တဲ့သူ ရတာပါပဲဗျာ။
ဦးတို့ အသက်အရွယ်နဲ့ကြတော့ မဟန်တော့ပါဘူး။
သွက်လက်ဖျက်လက်သေးရင်တော့ အိမ်ဆိုင်လေး ဖွင့်နိုင်ရင် ကောင်းသားပဲဗျ။

0
0
0.000
avatar

ရွာထဲမှာ....အိမ်ဆိုင်တွေ ဖြစ်ကုန်တာမှာ တစ်မိုင်အတွင်း အိမ်ဆိုင် ၆ ဆိုင်ဖြစ်နေတယ်ဆရာ ရေ

0
0
0.000
avatar

အိမ်ဆိုင် ဆိုပေမယ့် သူများနဲ့ မတူတဲ့ ကုန်ပစ္စည်း စားစရာ အသစ်အဆန်းမျိုးပေါ့ဗျာ။

0
0
0.000
avatar

Congratulations @tin.aung.soe! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s) :

You got more than 700 replies. Your next target is to reach 800 replies.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

Do not miss the last post from @hivebuzz:

Offer a gift to your friends for Christmas
HiveFest⁵ feedback and contest results
0
0
0.000
avatar

ဘာနဲ့လည်းဗျို့... ဘီယာလား၊ အရက်လား?
အဲ့လိုတွေသောက်စားကြရင် MSC တွေ့ဆုံပွဲကြီးကို သတိရတာပေါ့ဗျာ။
မြင်းခြံမရောက်ခင် မိုးမိခဲ့ကြတာကတော့ အမှတ်တရပေါ့ဗျာ။
Hive စျေးလေးကောင်းလာရင်တော့ မန်းလေးက လူနည်းစုနဲ့ တွေ့ဆုံပွဲလေး
ဖြစ်မြောက်ချင်ပါသေးတယ်။

💜

0
0
0.000
avatar

အိုး.. ဟိုး ... အမြည်း မြင်တာနဲ့ သောက်စားပြီ ထင်လိုက်တာပေါ့။
တစ်ကယ်က ကိုယ့်မှာ post တင်ချင်လို့သာ ဝယ်ဖြစ်ခဲ့တာ။
မနေ့က သောက်ဖို့ အပေါင်းအဖေါ် မရှိခဲ့ဘူး။ တစ်ယောက်တည်း ကြိတ်ဆွဲလိုက်ရတယ် ဝီစကီလေးကို ဟားဟား။
ကိုဗစ် ငြိမ်သွားရင် ဆုံချင်ပါတယ်လေ။

0
0
0.000
avatar

Love your Foodie post!

Yum! You have been curated @anggreklestari on behalf of FoodiesUnite.net on #Hive. Thanks for using the #foodie tag. We are a tribe for the Foodie community with a unique approach to content and community and we are here on #Hive.

Join the foodie fun! We've given you a FOODIE boost. Come check it out at @foodiesunite for the latest community updates. Spread your gastronomic delights on and claim your tokens.

Join and Post through the Community and you can earn a FOODIE reward.

Banner_followBHcommentsize.png

0
0
0.000
avatar

Thank you so much.
I have joined Foodies Bee Hive community.
I seem that I will post about Myanmar Foods I eat.

0
0
0.000