Loss of Finance in Agricultural products Due to Military Coup and Covid-19

Hello.
For this year, the economic situation is only going down.
In 2020, the Covid-19 pandemic caused business to stagnate.
Now, in 2021, many big businesses have closed due to the military coup.
Now, the third wave of Covid-19 is also seriously affecting the people of Burma. Lives are being killed.
More and more people are dying prematurely as a result of the disruption to the health care system of the terrorist army.

How can we grow our economy in this situation?
Myanmar is still an agricultural country.
When agricultural products cannot be exported, the prices of those commodities continue to fall.

img_0.20015230961325625.jpg

This big pile of onions belongs to my family.
The onions have been mined since February after the military coup.
At that time, the price of onion was around 250-300 kyats per Viss.
Now, more than five months later, the price of onion is around 250-300 Kyats.

The price is only $ 0.107 per kilogram of onion.
How much is onion in your country?

img_0.8237623317703651.jpg

We are waiting to see if onion prices will go up.
Due to the military coup and the Covid-19, onion prices are unlikely to rise.
These onions are not good for storage for more than a year.
Therefore, it will be sold in the next 4-5 months even if the price does not increase.
But, I do not believe that I can sell everything.
It will be sold at the current price, but only for the cost of cultivation.
This year will be a loss-making year for onion growers.

  • Coup leader Min Aung Hlaing will soon fall.
    Otherwise, the people of Burma will face the scourge of war, the Covid-19 and Famine.

What do you think?

Tin Aung Soe

[Burmese]

မင်္ဂလာပါ။
ဒီနှစ်အတွက်တော့ စီးပွားရေး အခြေအနေသည် အောက်သို့သာ ဆင်းသက်လျက် ရှိပါသည်။
၂၀၂၀ ခုနှစ်တုန်းက Covid-19 pandemic ကြောင့် စီးပွားရေးလုပ်ငန်းများ တုန့်ဆိုင်းနေခဲ့သည်။
ယခု ၂၀၂၁ ခုနှစ်မှာတော့ စစ်အာဏာသိမ်းမှုကြောင့် စီးပွားရေးလုပ်ငန်းကြီးများစွာ ပိတ်သိမ်းထားရသည်။
ယခုအခါ Covid-19 တတိယလှိုင်းသည်လည်း မြန်မာပြည်သူလူထုကို ဆိုးဝါးစွာ ဒုက္ခပေးလျက်၊ အသက်တွေကို သတ်ဖြတ်လျက် ရှိသည်။
အကြမ်းဖက်စစ်တပ်၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အပေါ် ဖျက်ဆီးနှောက်ယှက်မှုကြောင့် မသေသင့်သေးဘဲ သေဆုံးရသူတွေ ပိုမိုများသည်။

ဤသို့သော အခြေအနေ၌ ကျွန်တော်တို့ စီးပွားရေး မည်သို့ တိုးတတ်နိုင်ပါမည်လဲ။
ကျွန်တော်တို့ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အဓိကထားရသော နိုင်ငံပင် ဖြစ်သေးသည်။
စိုက်ပျိုးထွက်ကုန်များ ပြည်ပသို့ တင်ပို့ရောင်းချခြင်း မပြုနိုင်သောအခါ ၎င်းကုန်စည်များ၏ ဈေးနှုန်းသည် ကျဆင်းလျက်သာ ရှိနေတော့။

ဤကြက်သွန်နီပုံကြီးသည် ကျွန်တော်၏ မိသားစုပိုင် ဖြစ်ပါသည်။
စစ်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလကတည်းက တူးဖော်ထားသော ကြက်သွန်နီများ ဖြစ်သည်။
ထိုစဉ်က ကြက်သွန်နီ၏ ဈေးနှုန်းမှာ တစ်ပိဿာလျှင် ၂၅၀ - ၃၀၀ ကျပ် ဝန်းကျင် ဖြစ်ခဲ့သည်။
ယခု ၅ လကျော် ကြာပြီးမှာလည်း ကြက်သွန်နီ၏ ဈေးနှုန်းမှာ ၂၅၀-၃၀၀ ဝန်းကျင်သာပဲ ဖြစ်ပါသည်။

ထိုဈေးနှုန်းမှာ ကြက်သွန်နီ တစ်ကီလိုလျှင် 0.107$ မျှသာ ဖြစ်သည်။
မိတ်ဆွေတို့ နိုင်ငံမှာရော ကြက်သွန်နီဈေးနှုန်း ဘယ်လောက်ရှိပါသလဲ။

ကျွန်တော်တို့သည် ကြက်သွန်နီ ဈေးနှုန်း တက်လာမည်လားဟု စောင့်နေရပါသည်။
စစ်အာဏာသိမ်းမှု နှင့် Covid-19 ကြောင့် ကြက်သွန်နီဈေး တက်ဖို့ အလားအလာ မကောင်းပါ။
ဤကြက်သွန်နီများသည် တစ်နှစ်ထက် ကျော်လွန်၍ သိမ်းဆည်းသိုလှောင်ထားလို့ မကောင်းပါ။
သို့ဖြစ်၍ နောက် ၄-၅ လ ဝန်းကျင်၌ ဈေးမတက်သော်လည်း ရောင်းထုတ်ရဖို့ ရှိပါသည်။
သို့သော် အကုန် ရောင်းထုတ်နိုင်ပါမည်ဟု ယုံကြည်မရပါ။
ယခုဈေးဖြင့် ရောင်းချပါသော်လည်း စိုက်ပျိုးစရိတ်မျှသာ ရပါတော့မည်။
ဤနှစ်ကား ကြက်သွန်နီ စိုက်ပျိုးကြသော တောင်သူများအဖို့ အရှုံးပေါ်သောနှစ် ဖြစ်ပေလိမ့်မည်။
အာဏာသိမ်းအကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် လည်း မြန်မြန် ကျဆုံးမှ ဖြစ်ပါလိမ့်မည်။
သို့မဟုတ်ပါက မြန်မာပြည်သူတို့အဖို့ စစ်ဘေး၊Covid ဘေး နှင့် ငတ်မွတ်ခေါင်းပါးမှုဘေး တို့အား ဆိုးဝါးစွာ ရင်ဆိုင်နေရမည်။

မိတ်ဆွေတို့ရော အဘယ်သို့ ယူဆပါသလဲ။

တင်အောင်စိုး



0
0
0.000
5 comments
avatar

ကြက်သွန်တေ အများကြီး

0
0
0.000
avatar

ဈေးမရှိတော့ မဟန်ပါဘူး

0
0
0.000
avatar
(Edited)

wow, that's a lot of onions! very tough, because thou dont want them to rot before yiu sell them!

i would say, where i live, onions in the usa cost about $1to $2 a pound at the store

0
0
0.000