အနာဂတ်ငွေကြေးလွတ်မြောက်မှု ရရန် ရင်းနှီးမြှုပ်နှံပါ

avatar

ရင်းနှီးမြှုပ်နှံမှုဟာ အနာဂတ်ငွေကြေးလွတ်မြောက်မှု အတွက်ဖြစ်ပါတယ်။

img_0.5114074936388753.jpg

ဆင်းရဲခြင်း နှင့် ချမ်းသာခြင်းကို ဝင်ငွေထက် ပိုမို သုံးစွဲလျှင် ဆင်းရဲမည် ဖြစ်ပြီး၊ သုံးစွဲခြင်းထက် ပိုမို ဝင်ငွေ ရှာနိုင်လျှင် ချမ်းသာမည်ဟု အကြမ်းဖျဉ်း ပြောနိုင်ပါတယ်။

*သို့သော် ပိုမို ချမ်းသာစေနိုင်သော နည်းလမ်းမှာ ငွေ ကို ခိုင်းစားခြင်းပင် ဖြစ်ပါတယ်။

ရှေးလူကြီးသူမများ ပြောခဲ့ကြလေ့ရှိသော ချွေတာစုဆောင်း သူဋ္ဌေးလောင်း ဟူသည်မှာ ယနေ့ခေတ်ကာလနှင့် ကိုက်ညီမည် မဟုတ်တော့ပါ။
ချွေတာ စုဆောင်းရုံမျှသည် ရင်းနှီးမြှုပ်နှံရန် မတတ်သူတွေ
အတွက်တော့ ကောင်းသည့်အကျင့်တစ်ခုပါ။
သို့သော်...

ငွေကြေးချမ်းသာကြွယ်ဝချင်ရင် မိမိမှာရှိထားပြီးသား ဥစ္စာကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်နေရုံဖြင့် တိုးပွားလာမှာ မဟုတ်ပါဘူး။
ငွေပညာကို သင်ယူတတ်မြောက်ပြီး ကြိုးစားရှာဖွေမှသာ ပိုမို ကြွယ်ဝချမ်းသာလာမှာပါ။

ကျွန်တော်တို့နိုင်ငံ၏ ကျောင်းသင်ပညာရေးဟာ ငွေပညာကို ကောင်းမွန်စွာ မသင်ပေးပါဘူး။
လူငယ်အများစုဟာ ကျောင်းပြီး ဘွဲ့ရပြီးသောအခါမှ ဝင်ငွေရရှိရန် အလုပ်ကို ထပ်မံ ရှာကြရပါတယ်။
အလုပ်တစ်ခု ရဖို့ အတွက် ကျောင်းပြင်ပ ပညာတွေကို ထပ်မံ သင်ယူကြရပါတယ်။
ထို့နောက်တော့ ငွေအတွက် အလုပ်လုပ်ရင်း အချိန်တွေ ကုန်ဆုံးရပါတယ်။
သို့သော်လည်း ကြွယ်ဝမှုက အလှမ်းဝေးလို့ပဲပေါ့။

ငွေက ငွေရှာပေးတဲ့ပညာ မတတ်တာကြောင့်
စားဝတ်နေရေးအာမခံချက် ရှိတာကို လုပ်ရင်း လုပ်ရင်း
လက်ရှိဘဝမှာ နေသားကျသွားတတ်ကြပါတယ်။

ထိုသို့ နေသားကျခြင်းကြောင့် အခွင့်အလမ်းကောင်းတွေကို
ရှာဖွေ ဖန်တီးယူဖို့ မစွမ်းသာကြတော့ပါဘူး။
ဒီတော့လည်း စီးပွားရေးလွတ်မြောက်မှု မရရှိကြတော့ဘူးပေါ့။

အထက်မှာ ‌ပိုမို ချမ်းသာစေသော နည်းလမ်းမှာ ငွေကို ခိုင်းစားခြင်း ဟု ဆိုခဲ့ပါတယ်။
ငွေကို ခိုင်းစားခြင်း ဆိုသည်မှာ ခိုင်မာသေချာသော နေရာ၌ ငွေကို ရင်းနှီးမြှုပ်နှံခြင်း အမျိုးအစားပင် ဖြစ်သည်။

မိတ်ဆွေတို့ရော ငွေကို ခိုင်းစားရန် ရင်းနှီးမြှုပ်နှံတတ်ကြပါသလား။

ဤတွင် LeoFinance Platform ကို အခြေခံ၍ ရင်းနှီးမြှုပ်နှံမှု အချို့ကို မျှဝေပေးချင်ပါတယ်။

LeoFinance Platform ပေါ်၌ Blogging လုပ်ခြင်းသည် သာမန် ဝင်ငွေ ရှာခြင်းမျှသာ ဖြစ်သည်။
ထိုလုပ်ဆောင်ခြင်းမှ ရရှိသော LEO ဝင်ငွေကို Fiat Currency သို့ ပြောင်းလဲ၍ သင် သုံးစွဲလိုက်လျှင် ကုန်ဆုံးသွားပေမည်။
သင်သည် လတ်တလော အသုံးစရိတ်များ အတွက် ငွေလိုအပ်နေပါက LEO ဝင်ငွေကို အသုံးပြုသည်မှာ မမှားယွင်းပါ။

သို့သော် ၎င်း LEO ဝင်ငွေမှ အချို့တဝက်ကို Staking လုပ်ခြင်းဖြင့် ရင်းနှီးမြှုပ်နှံသင့်ပါတယ်။
သို့မှသာ သင်၏ ရင်းနှီးမြှုပ်နှံမှု စွမ်းအား တဖြည်းဖြည်း ပိုမို မြင့်မားလာပြီး အနာဂတ်အတွက် Curation အမြတ်ဝင်ငွေ ကောင်းမွန်စွာ ရပေမည်။

ထို့အပြင် သင် ရရှိထားသော LEO ဖြင့် LBI Token ဝယ်ယူကာ ရင်းနှီးမြှုပ်နှံ ထားနိုင်ပါတယ်။
ထိုအခါ သင် အထူးတလည် လုပ်ဆောင်စရာ မလိုအပ်ပါဘဲ အမြတ်ခွဲဝေမှုများ ရရှိနိုင်ပါတယ်။

သို့ဖြစ်၍ သင် Blogging လုပ်၍ ရသော LEO ဝင်ငွေများကို ကုန်ဆုံးအောင် သုံးစွဲပစ်ပါက သင်သည် အမြဲတမ်း အလုပ်လုပ်နေရသူသာ ဖြစ်နေပါမည်။
သင် အလုပ် မလုပ်နိုင်သောအခါ သင့်ဝင်ငွေသည်လည်း ရပ်တန့်သွားပါလိမ့်မည်။

ထို့ကြောင့် LEO Staking သို့မဟုတ် LBI Holding လုပ်ထားခြင်းဖြင့် သင်၏ ဝင်ငွေကို ရင်းနှီးမြှုပ်နှံထားရပါမည်။
သို့မှသာ သင် အလုပ် မလုပ်‌ဘဲ နေသော်လည်း သင်၏ ဝင်ငွေမှာ ဆက်လက် ဝင်နေမည် ဖြစ်ပါတယ်။

သို့သော် ရင်းနှီးမြှုပ်နှံမှု နှင့် ပတ်သက်၍ ခိုင်မာသော၊ အလားအလာကောင်းသော Business များ၊ Project များ သို့မဟုတ် Platform များကို သိရှိရန် သင် လေ့လာထားရပါမည်။

လေ့လာခြင်း၊ တွက်ချက်ခြင်း မရှိသော ရင်းနှီးမြှုပ်နှံသည် လောင်းကစား ဆန်နိုင်သောကြောင့် အရှုံးကြီး တွေ့ကြုံရနိုင်သည်။

မည်သို့ပင် ဆိုစေကာမူ
ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခြင်းသည် မလုပ်ခြင်းထက် များစွာ ကောင်းမွန်ပါသည်။

ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားမှ သာလျှင် အနာဂတ် ငွေ‌ရေးကြေးရေး လွတ်မြောက်မှု ရရှိနိုင်သလို အနာဂတ် ငွေကြေး မျှော်မှန်းချက်ကောင်းကို စိတ်ကူးနိုင်ပေမည်။

မိတ်ဆွေတို့ရော မည်သို့ ထင်ပါသနည်း။

အရာအားလုံး အတွက် ကျေးဇူးတင်ပါတယ်။

တင်အောင်စိုး



0
0
0.000
4 comments
avatar

ရင်းနှီးမြုပ်နံမှု ပညာရပ် သင်တန်းကျောင်းတွေ များများဖွင့်ပြီး
လူငယ်တွေကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးနိုင်ရင် သိပ်ကောင်းမယ်ဗျာ။
မြို့ကြီးတွေမှာတော့ ရှိမယ်ထင်တယ်ဗျ။ မြို့မကျ တောမကျတွေမှာက လူငယ်
အများစုက ဂိမ်းတွေကိုပဲ သဲကြီးမဲကြီးဆော့ကစားကြတာ။ ကျနော်အပါဝင်ပေါ့😁။
ဂိမ်းဖြတ်ထားတယ်ဗျာ။ အသက်ကရလာပြီ ။ ကလေးကလား အပျော်တွေ
ရှာဖို့ မသင့်တော့ပါဘူးလေ။ ဂိမ်းဆော့ရင်လည်း စီးပွားရှာစားနိုင်အောင်
လုပ်တက်မှ အဆင်ပြေမှာ။ လိုင်းပေါ်မှာ Live လွင့်ပြီး ဂိမ်းကစားနေကြတာက
လည်း ဝင်ငွေကောင်းတယ်ဗျ။ တစ်ချို့က လစာပေးပြီးတော့ အဲ့လို လုပ်ခိုင်းတာဗျ။

0
0
0.000
avatar

သင်တန်းတွေက ရှိပါတယ်။ သင်တန်းကြေး များတော့ ကိုယ်တွေ လက်လှမ်းမမှီတာ။ ရင်းနှီးစရာ ငွေများများလည်း မရှိတော့ ငွေကုန်ခံ မသင်ဖြစ်တာလည်း ပါမပေါ့။
ဂိမ်းကလည်း ဆရာကျအောင် လုပ်နိုင်ရင် မိုက်ပါတယ်။

Posted Using LeoFinance Beta

0
0
0.000