Financial Situation Under Military Dictatorship

in LeoFinancelast month

The military arrested the leaders of the People's Government, seized power, and assigned his supporters to run the government bureaucracy.

img_0.7740700632652279.jpg

The country has deteriorated on all fronts as the military dictator has focused on maintaining his power.
Facebook and Twitter have been blocked to prevent the military dictatorship's violence from spreading on social media and for peaceful protesters to share information with each other.

When that did not happen, the Internet was cut off.
Then the online banking system was affected.
Protests by bank employees have also hampered financial operations.
When the Internet and banks reopened, people began to withdraw their deposits because they did not trust the terrorist regime.
Banks then impose restrictions on withdrawals.
When people have to withdraw their deposits with a limited amount of money, people's trust in banks is further eroded.
In addition, the central bank has closed foreign currency accounts in USD $.
At that time, traders were facing difficulties in foreign trade.
When foreign products are not imported smoothly, domestic commodity prices rise.
Deposits in public banks are showing huge losses due to the rising comodity prices, the depreciation of the Myanmar currency and the rise in gold prices.
Instead of depositing Myanmar currency in banks, they want to keep gold and dollars.

img_0.17707517657582372.jpg

(People queuing to withdraw Money)
Image Source

As a result, people are withdrawing as much money as they can get from banks.
Will banks collapse when banks fail to issue cash?
The central bank does nothing to win the trust of the people except to urge them not to withdraw money.
Can't we call Bank that banks which not able to repay enough money, no depositing and withdrawals only ?
What will happen to Myanmar's economy if the banks collapse?
It is unthinkable.

Tin Aung Soe

[Burmese]

စစ်တပ်သည် ပြည်သူ့အစိုးရ ခေါင်းဆောင်များကို ဖမ်းဆီးချုပ်နှောင်၍ အာဏာသိမ်းပြီး အစိုးရဗျူရိုကရက်ယန္တယားကို လည်ပတ်ရန် သူ့အား ထောက်ခံသူများကို တာဝန်ပေးအပ်ခဲ့သည်။
စစ်အာဏာရှင်သည် သူ အာဏာတည်မြဲရေးကိုသာ ဦးတည်ခဲ့သောကြောင့် နိုင်ငံသည် အဘက်ဘက်မှာ ဆိုးယုတ်ကျဆင်းလာခဲ့သည်။
စစ်အာဏာရူးများ၏ အကြမ်းဖက်မှုများကို ဆိုရှယ်မီဒီယာပေါ်မှာ မပျံ့နှံနိုင်စေရန် နှင့် ငြိမ်းချမ်းစွာ ဆန္ဒပြသူများ အချင်းချင်း သတင်း မမျှဝေနိုင်စေရန်
Facebook and Twitter ကို ပိတ်ဆို့ခဲ့သည်။
ထိုမျှနှင့်မရသောအခါ Internet ဖြတ်တောက်မှု ပြုလုပ်လိုက်သည်။
ထိုအခါ Online Banking စနစ်ကို ထိခိုက်မှု ဖြစ်သွားသည်။
ဘဏ်ဝန်ထမ်းများ ရုံးမတက်ဘဲ ဆန္ဒပြမှုကြောင့်လည်း ဘဏ္ဍာရေးလည်ပတ်မှု အခက်အခဲ ဖြစ်လာသည်။
Internet နှင့် ဘဏ်များ ပြန်လည်ပွင့်လာသောအခါ ပြည်သူများသည် အကြမ်းဖက်စစ်အုပ်စုကို အယုံအကြည် မရှိသောကြောင့် အပ်နှံထားသော ငွေသားများကို ပြန်လည် ထုတ်ယူကြတော့သည်။
ထိုအခါ ဘဏ်များသည် ငွေထုတ်ယူနိုင်မှု ကန့်သတ်ချက်များ ပြုလုပ်လာကြသည်။
‌မိမိတို့ အပ်နှံထားသော ငွေများကို ငွေပမာဏ ကန့်သတ်မှုဖြင့်သာ ထုတ်ယူရသောအခါ ပြည်သူများသည် ဘဏ်များ အပေါ် ယုံကြည်မှု ပိုမိုကျဆင်းလာခဲ့သည်။
ထို့အပြင် ဗဟိုဘဏ်မှ နိုင်ငံခြားငွေ USD$ ဖြင့် ဖွင့်ထားသော Account များကို ငွေလွှဲမရစေရန် ပိတ်ပစ်ခဲ့သည်။
ထိုအခါ ကုန်သည်များ အနေဖြင့် နိုင်ငံခြားကုန်သွယ်မှုမှာ အခက်အခဲကြုံရတော့သည်။
နိုင်ငံခြားထုတ်ကုန်များကို ချောမွေ့စွာ တင်သွင်းနိုင်ခြင်း မရှိသောအခါ ပြည်တွင်း၌ ကုန်ဈေးနှုန်းများ ကြီးမြင့်လာကြသည်။
ကုန်ဈေးနှုန်း ကြီးမြင့်လာမှု၊ မြန်မာငွေဈေး ကျဆင်းမှု နှင့် ရွှေဈေး မြင့်တက်မှုများကြောင့် ပြည်သူများ၏ ဘဏ်များ၌ အပ်နှံထားသော ငွေများမှာ အရှုံးများစွာ ပြကြတော့သည်။
ဘဏ်များ၌ မြန်မာငွေ အပ်နှံထားမည့်အစား ရွှေ နှင့် Dollor ကိုသာ ကိုင်ထားချင်ကြတော့သည်။
သို့ဖြစ်၍ ပြည်သူများသည် ဘဏ်များမှ ‌အပ်နှံငွေများကို ရနိုင်သမျှ ထုတ်ယူနေကြပါတော့သည်။
ဘဏ်များမှ ငွေသားများ ထုတ်မပေးနိုင်သောအခါ ဘဏ်များ ပြိုလဲသွားကြတော့မလား။
ဗဟိုဘဏ်သည်ကား ငွေများ မထုတ်ကြရန် ဆော်ဩသည်မှတစ်ပါး ပြည်သူများ၏ ယုံကြည်မှု ရစေရန် ဘာမှ မလုပ်ဆောင်ပေ။
ငွေအပ်နှံခြင်း မရှိသော၊ ငွေထုတ်ယူခြင်းသာ ရှိသော၊ လုံလောက်စွာ ငွေ ပြန်လည် မထုတ်ပေးနိုင်သော ဘဏ်များသည် ဘဏ်ဟု ခေါ်တွင်ထိုက်ပါဦးမည်လား။
ဘဏ်များ ပြိုလဲသွားရင် မြန်မာ့စီးပွားရေး အခြေအနေ အဘယ်သို့ ရှိပါမည်လဲ။
မတွေးရဲစရာပါပဲလေ။

တင်အောင်စိုး

Sort:  

One of the really worrying things about this is how quickly it escalated. It's a stark reminder of what can happen to a currency in a short space of time when there is no system to stop the fall.

Sending !LUV1 to you and yours.

Posted Using LeoFinance Beta

Thank you so much!

Hi @tin.aung.soe, you were just shared some LUV thanks to @gillianpearce. Holding 10 LUV in your wallet enables you to give up to 3 LUV per day, for free. See the LUV in your wallet at https://hive-engine.com or learn about LUV at https://peakd.com/@luvshares

Thank you

Congratulations @tin.aung.soe! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s) :

You published more than 200 posts.
Your next target is to reach 250 posts.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

Support the HiveBuzz project. Vote for our proposal!

Thank you