Outgo, Income And Profit

avatar

Today, I would like to describe by calculation my outgo, income and profit from online earning in using LeoFinance and HIVE Blockchain.
000115477449612_20210113_153020_0000.png

1.Outgo or Efforts

I use LeoFinance and HIVE Blockchain on my mobile phone.
I have obtained the service required to use Online Internet Data from MPT (Myanmar Posts and Telecommunications).
The monthly Internet Bill costs over 5,000 MMK and costs about $ 4 in USD.
I spend about 120 hours a month, 4 hours a day on LeoFinance and HIVE Blockchain.

2.Income

I earn over 200 LEO per month by posting, commenting and voting on LeoFinance, which is currently earning over $ 94 USD at current prices.

3.Benefits

At LeoFinance, my monthly income is USD 86$ if I deducted outgo USD 4 from income USD 94$.
Since I spent 120 hours to get 90$, my hourly profit is only USD 0.75$.

If I could spend eight hours a day on LeoFinance, would my daily income be over $ 5 USD?

I do not think this can be fixed.
Work done cannot be measured by time and effort alone.

The value that can be measured by both time and effort can be the income of a conventional job.

Time, Effort, Quality and Investment;
When we combined with these four things, there can be amazing benefits.

However, it would be good benefit for the ordinary person like me to use LeoFinance and HIVE Blockchain, even with such a logical calculation on average ideology.

What do you think?

Thank you for everything.

Tin Aung Soe
Screenshot_2021_0113_154251.png

[Burmese]

ဒီနေ့ LeoFinance and HIVE Blockchain အသုံးပြုပြီး၊ Online Earning လုပ်နေခြင်းမှ ကျွန်တော်၏ ထွက်ငွေ၊ ဝင်ငွေ နှင့် အကျိုးအမြတ် ကို တွက်ချက်၍ ဖော်ပြပေးချင်ပါတယ်။

၁. ထွက်ငွေ သို့မဟုတ် စိုက်ထုတ်မှုများ

ကျွန်တော်သည် LeoFinance and HIVE Blockchain ကို Mobile phone ဖြင့် အသုံးပြုပါသည်။
ကျွန်တော်သည် Online Internet Data အသုံးပြုရန် လိုအပ်သော ဝန်ဆောင်မှုကို MPT (Myanma Posts and Telecommunications) မှ ရယူပါတယ်။
တစ်လလျှင် Internet Bill ဖိုး မြန်မာငွေ ၅၀၀၀ ကျော်လောက် ဖြစ်၍ USD အားဖြင့် 4$ မျှ ကုန်ကျပါတယ်။
အချိန်အားဖြင့် တစ်ရက်လျှင် ၄ နာရီနှုန်းဖြင့် တစ်လလျှင် နာရီပေါင်း ၁၂၀ ခန့် အသုံးပြုပါတယ်။

၂. ဝင်ငွေ

ကျွန်တော်သည် LeoFinance မှာ Post, Comment and Vote လုပ်ခြင်းဖြင့် တစ်လလျှင် LEO 200 ကျော် ရရှိသည် ဖြစ်၍ လတ်တလောဈေးနှုန်းဖြင့် တွက်ပါက USD 94$ ကျော်မျှ ဝင်ငွေ ရှိပါတယ်။

၃. အကျိုးအမြတ်

LeoFinance မှာ ကျွန်တော်၏ တစ်လ ဝင်ငွေ မှ တစ်လ ထွက်ငွေ ကို နှုတ်လိုက်လျှင် USD 90$ မျှ ဖြစ်ပါတယ်။
USD 90$ ကို နာရီပေါင်း ၁၂၀ လောက် အသုံးပြုရသည် ဖြစ်သောကြောင့် ကျွန်တော်၏ တစ်နာရီ အကျိုးအမြတ်မှာ USD 0.75$ မျှ ဖြစ်ပါတယ်။

အကယ်၍ ကျွန်တော်သာ LeoFinance ပေါ်၌ တစ်နေ့လျှင် ၈ နာရီမျှ အချိန်ကို အသုံးပြုနိုင်လျှင် ကျွန်တော်၏ တစ်ရက် ဝင်ငွေသည် USD 5$ ကျော် ဖြစ်နိုင်မည်လား။

ဤသည်ကား ပုံသေ တွက်လို့ ရမည်တော့ မထင်ပါ။
အလုပ်ပြီးမြောက်ခြင်း ဆိုသည်မှာ အချိန် နှင့် အားစိုက်ထုတ်မှု နှစ်ခုတည်းဖြင့် တိုင်းတာ၍ မရနိုင်ပါ။

အချိန် နှင့် အားစိုက်ထုတ်မှု နှစ်ခုတည်းဖြင့် တိုင်းတာနိုင်သော တန်ဖိုးမှာ သမားရိုးကျ အလုပ်၏ ဝင်ငွေမျိုးသာ ဖြစ်နိုင်ပါတယ်။

အချိန်၊ အားစိုက်ထုတ်မှု၊ အရည်အသွေး နှင့် ရင်းနှီးမြှုပ်နှံမှု ထိုလေးခု ပေါင်းစပ်ပါက အံ့အားသင့်ဖွယ် အကျိုးအမြတ်တွေ ဖြစ်မြောက်လာတတ်ပါတယ်။

သို့ပေမယ့်လည်း ယခုကဲ့သို့ ပျမ်းမျှခြင်းသဘောကို ယုတ္တိရှိစွာ တွက်ချက်ရခြင်းသည်ပင် LeoFinance and HIVE Blockchain အသုံးပြုရခြင်းသည် ကျွန်တော်လို သာမန်လူ တစ်ယောက်အတွက် အကျိုးအမြတ် ကောင်းလှပါသည်။

မိတ်ဆွေတို့ရော အဘယ်သို့ ထင်ပါသလဲ။

အရာအားလုံး အတွက် ကျေးဇူးတင်ပါတယ်။

တင်အောင်စိုး

Posted Using LeoFinance Beta



0
0
0.000
6 comments
avatar

holy smokes great returns you got, I am participating in the wrong tribe lol. Need to post more and longer posts in LeoFinance.

0
0
0.000
avatar

လီယိုမှာ အောင်မြင်မှုတွေ ဆွတ်ခူးပြီး။
Hive မျှော်လင့်ချက် အိမ်မက်လေးများ ပြည့်ဝနိုင်ဖို့...
Leo ကတော့ ခုချိန်အားစိုက်ထုတ်ရင် ထုတ်နိုင်သလို ရတယ်ဗျာ။

0
0
0.000
avatar

လုပ်လိုက်စမ်းပါ ညီရေ။
ယုံကြည်ရာ ရဲရင့်လိုက်စမ်းပါ။
အိပ်မက်တွေ တကယ်ဖြစ်လာမှာ။

Posted Using LeoFinance Beta

0
0
0.000