ReadTheVoiceOfMyanmar

avatar

Currently, we do not have internet access by phone in Myanmar.
This post was posted by using Fiber Internet WiFi.

img_0.6004484221058513.jpg

https://www.facebook.com/100010482120689/posts/1391251154567609/

Poor Internet connection and frequent deduction for online ‌Earning people reduce income; It also lowers the desire to work.
Waiting time; Being punctual and punctual not only reduces profits but also impairs the ability to plan for goals.
Lack of justice; Lack of personal security and the loss of human rights undermine hope for the future.

When a terrorist organization uses its weapons to destroy the fruits of their efforts, a civilized society will inevitably have to revolt.
Their privacy; Human rights; We have a responsibility to defend terrorists for justice and democracy.
I do not seek revenge on terrorists who do not pay attention to peaceful protests. Only by fighting back in unity can we achieve
justice and peace. We believe that democracy and human rights will be achieved.

How can we lovingly defeat inhumane terrorists?
How can we fight uncultured violence without effective punishment?

Tin Aung Soe

ယခု ကျွန်တော်တို့ မြန်မာနိုင်ငံမှာ Phone ဖြင့် Internet အသုံးပြု၍ မရပါ။
ဤစာအား Fiber Internet WiFi အသုံးပြု၍ ရသော နေရာသို့ သွားရောက်ကာ Post တင်လိုက်ရခြင်း ဖြစ်သည်။

Online ‌Earning လုပ်နေသူများ အဖို့ Internet လိုင်း မကောင်းခြင်း၊ ခဏခဏ ဖြတ်တောက်ခံရခြင်းသည် ဝင်ငွေကို လျော့ပါးစေသလို၊ လုပ်ကိုင်ချင်စိတ်များကိုလည်း နိမ့်ပါးစေပါတယ်။
အချိန် စောင့်ဆိုင်းရခြင်း၊ အချိန်မှန် မဆောင်ရွက်နိုင်ခြင်း နှင့် အချိန်ပေးရများခြင်းသည် အကျိုးအမြတ် မရေရာ လျော့နည်းစေရုံ သာမက ရည်ရွယ်ချက်ပန်းတိုင် အတွက် အစီအစဉ်ချမှတ် ဆောင်ရွက်နိုင်မှုကိုလည်း ထိခိုက်နစ်နာစေပါတယ်။
တရားမျှတမှုမရှိခြင်း၊ ကိုယ်ရေးကိုယ်တာ လုံခြုံမှုမရှိခြင်း နှင့် လူ့အခွင့်အရေးများ ဆုံးရှုံးနေရခြင်းများက အနာဂတ်မျှော်လင့်ချက်ကို ပျက်ပြားထိခိုက်စေပါတယ်။

မိမိတို့၏ ကြိုးစားအားထုတ်မှု ရလဒ် အသီးအပွင့်များကို အကြမ်းဖက်အဖွဲ့အစည်းတစ်ခုက လက်နက်အားကိုး၍ အနိုင်ကျင့် ဖျက်ဆီးကြသောအခါ ယဉ်ကျေးသောလူ့အဖွဲ့အစည်းတစ်ရပ်သည် မဖြစ်မနေ တော်လှန်ကြရပေတော့မည်။
မိမိတို့၏ တစ်ကိုယ်ရည်လုံခြုံမှု၊ လူ့အခွင့်အရေး၊ တရားမျှတမှု နှင့် ဒီမိုကရေစီရရှိရေး အတွက် ကျွန်တော်တို့မှာ အကြမ်းဖက်သူများကို ဆန့်ကျင်ခုခံကာကွယ်ကြရန် တာဝန်ကြီးတစ်ရပ် ရှိလာပေပြီ။
ငြိမ်းချမ်းစွာ တောင်းဆို ဆန္ဒပြမှုကို အလေးမထားသော အကြမ်းဖက်သူများကို မိမိကစ ရန်မရှာပါဘဲ စည်းကမ်းတကျ မှန်ကန်စွာ၊ စည်းလုံးညီညွတ်စွာ ပြန်လည်တိုက်ခိုက်ခြင်းဖြင့်သာ
တရားမျှတမှု၊ ဒီမိုကရေစီ နှင့် လူ့အခွင့်အရေးတို့ကို ရယူနိုင်တော့မည်ဟု ယူဆပါသည်။

လူစိတ်မရှိသော အကြမ်းဖက်သမားများကို ကျွန်တော်တို့ မေတ္တာဖြင့် အဘယ်သို့ အနိုင်ယူရတော့မည်လဲ။
ယဉ်ကျေးမှု အသိတရား မရှိသော အကြမ်းဖက်များကို ထိရောက်သော အပစ်ပေးမှု မရှိပါက အဘယ်သို့ တွန်းလှန်နိုင်မည်လဲ။



0
0
0.000
4 comments
avatar

It saddens me on what's happening in Myanmar. I have a friend there, and he and wife are stuck at home

Posted Using LeoFinance Beta

0
0
0.000