နှလုံးအိမ်

avatar

နှလုံးအိမ်

ဖုန်းစခရင်ပေါ်တွင် မိတ်လိုက်ပေါ်လိုက်
ဖြစ်နေသော ဂဏန်းများက အမျိုးမျိုး
ပြောင်းလဲနေတယ်။ ဒါကို မိသားစုတစ်စုက
ဝိုင်းအုံးကြည့်ပြီး ဆုတောင်းနေကြ...
31 နဲ့ပဲရပ်လိုက်ပါတော့...
31 ဆိုပေါက်ပြီ...

အိမ်မှ အမေက နှလုံးကစားတက်ပါတယ်။
အများကြီးတော့မကစားပါ။ သုံးလေးထောင်
လောက်သာ ကစားပါတယ်။ ဒီနေ့နှလုံးကစား
ထားပါတယ်။ ဒါကိုပေါက်ပါစေဟု အိမ်ကမိသား
စုက ဝိုင်းပြီး ဆုတောင်းပေးနေကြခြင်းပင်...

ပေါက်ပြီ... 31 တဲ့ဟေ့....။

အမေ နှလုံး ၂၅၀ ဖိုးပေါက်ပါတယ်။
ချက်ခြင်းပဲ ကျွန်တော့်ခေါ်ပြီး
ဆန်သွားဝယ်ရအောင်...
ဆန်ကုန်တော့မယ်တဲ့...။

သြော်... အမေရယ်...
အမေ့ရဲ့နှလုံးအိမ်မှာ ဒီမိသားစုအတွက်ပဲ
ရှိတယ်။ ငါ့တွက်ဆိုပြီး အမေတစ်ခါမှ
မပြောဖူးဘူး...။

တွေးမိရင်း မျက်ဝန်းအိမ်မှာ မျက်ရည်တွေ
တွဲခိုလို့...

img_0.5787103796049808.jpg

@myanmarkoko



0
0
0.000
0 comments