စစ်အာဏာသိမ်းခြင်း ၆ ရက်မြောက်နေ့

avatar

စစ်အာဏာသိမ်းခြင်း ၆ ရက်မြောက်နေ့

မြန်မာစစ်တပ်သည် ဖေဖော်ဝါရီလ ၁ ရက်နေ့
၂၀၂၁ ခုနှစ်တွင် မတရားအာဏာသိမ်းခဲ့သည်။
နိုင်ငံ့ခေါင်းဆောင် အမေစု၊ သမ္မတ ဦးဝင်းမြင့်နှင့်
NLD ပါတီခေါင်းဆောင်များကို ဖမ်းဆီးခြင်း
ကို စစ်တပ်က မင်းအောင်လှိုင်မှ ဦးဆောင်ပြီး
ပြုလုပ်ခဲ့သည်။

ထိုနေ့မနက်ခင်းတွင် ဖုန်းလိုင်းများ ပြက်တောက်
သွားခဲ့သည်။ မနက်အိပ်ယာနိုးနိုးခြင်း ဖုန်းကို
ဖွင့်ကြည့်မိတော့ လိုင်းလုံးဝမမိပေ။ စိတ်ထဲတွင်
တော့ ခန လိုင်းကျတာပဲဟု ထင်ခဲ့မိ၍ အေးဆေး
နေခဲ့မိသည်။ မနက် ၉ နာရီချိန်လောက်ထိ ဖုန်းလိုင်း
မှာ မတက်ခဲ့ပေ။ နေ့ခင်း ၁၁ လောက်တွင် သတင်း
တစ်ခုကြားခဲ့ရသည်။ စိတ်ထဲတွင် တုန်လှုပ်ခြောက်
ခြားသွားခဲ့ရသည်။ အကြောင်းမှာ အမေစုနှင့်
သမ္မတ ဦးဝင်မြင့်ကို ဖမ်းဆီးပြီး စစ်တပ်က မင်းအောင်လှိုင်မှ မတရား အာဏာသိမ်းလိုက်ပြီ
ဆိုသော သတင်းကြောင့်ဖြစ်သည်။

အဲ့သည်နေ့ တစ်နေ့လုံး ကျွန်တော်၏စိတ် လေးလံ
နေခဲ့၏။ သည်အဖြစ်ကို မယုံချင်ချင် လက်မခံချင်
သော်လည်း အားလုံးက ပြောနေကြတော့
လက်ခံရ၏။ ညနေ ၂ နာရီလောက်တွင် ဖုန်းလိုင်း
ပြန်ဖွင့်လာ၍ အလောတကော ဖုန်းဖွင့်ကာ FB ကို
ဝင်ကြည့်မိခဲ့၏။ တက်လာသော သတင်းများမှာ
စစ်တပ်အာဏာသိမ်းခြင်းကို ဆန့်ကျင်သော ပိုစ်များ
ပလူပြန်နေတော့၏။

img_0.4479873023091184.jpg

ကျွန်တော်လည်း လက်မခံပါ။ စစ်တပ်အာဏာသိမ်း
ခြင်း ဆန့်ကျင်သော ပိုစ်များကို FB တွင်မျှဝေခဲ့၏။
ဖေဖော်ဝါရီ ၂ ရက် ည ၈ နာရီတွင် သံပုံးများတီးကာ ဆန္ဒပြခဲ့ကြ၏။ နောက်နေ့များတွင်လည်း ထိုနည်းတူ ပြုလုပ်ခဲ့ကြ၏။ သည်ရက်ပိုင်းမှာ စျေးထဲတွင် စစ်တပ်အာဏာသိမ်းတာကို သဘောကျသော လူများလည်းရှိကြောင်း သိရ၏။ သြော်... အမျိုးဘာသာ သာသနာဆိုပြီး မှိုင်းသွင်းခံခဲ့ကြရသော လူများ ဖြစ်ဟန် တူ၏။ လူငယ်နှင့် လူလတ်ပိုင်းများကိုဘာမှမသိနားမလည်
လို့ဆိုပြီး ကျွန်တော်ဘာမှ မပြောလိုသော်လည်း အသက် ၅၀ ကျော် အဖိုးကြီးတစ်ယောက်မှ စစ်တပ်အာဏာသိမ်းခြင်းကိုသဘောကျကာ အားရပါးရ အရှက်မရှိ ပြောနေခြင်းကိုတော့ ကျွန်တော် မနှစ်မြို့လှပါ။ သည်အသက်ရွယ်
မှာ ရှေ့မှီနောက်မှီ လူကြီးတစ်ယောက်ဖြစ်ပြီး စစ်အုပ်ချုပ်မှုအောက်တွင် ကြီးပြင်းခဲ့ရသော လူကြီး
တစ်ယောက်ပင်။ တိုင်းပြည်ကို စစ်တပ်က ကမ္ဘာ့
အမွဲဆုံးနိုင်ငံဖြစ်အောင် လုပ်ခဲ့တာလည်း သည်လူကြီး မသိပဲ မနေလောက်ပေ။ ဒါနှင့်များ
စစ်တပ်ကို ထောက်ခံအားပေးနေ၏။ သြော်...
အမေစုရေ သည်လို ဆင်ခြင်တုံတရား ကင်းမဲ့တဲ့
အဆံခြောင်တဲ့ လူပေါကြီးတွေရှိတဲ့ နိုင်ငံမှာ အမေစု
ခေါင်းဆောင်လာဖြစ်ရတာ အမေစုတွက် ဝမ်းနည်းလိုက်တာဗျာ။

မျက်ရည်ဝဲလာမိ၏။ အသွေးသားထဲတွင် ဘာမှန်းမ
သိသော ခံစားမှုကြီးက ဘောင်ဘင်ခက်နေ၏။
ည ၈ နာရီ သံပုံးတီးသံကြားရချိန်ဆိုလျှင် ထွက်ကျလုဆဲဆဲ မျက်ရည်များကို မနဲထိမ်းရ၏။
သည်နေ့ ဖေဖော်ဝါရီလ ၆ ရက်နေ့ မနက်ပိုင်း ၁၀ နာရီလောက်တွင် အင်တာနက် လိုင်းများ လုံးဝ မမိတော့ပေ။ ဖုန်းဆက်လို့တော့ ရသေး၏။
စစ်တပ်က သတင်းအမှောင်ချလိုက်၏။ ရန်ကုန်တွင်
လမ်းမပေါ် တပ်မတော် စစ်အာဏာသိမ်းခြင်းကို ဆန်ကျင့်ကြောင်း ဆန္ဒပြကြပြီဟု ကြားသိရ၏။
ဘယ်လိုဖြစ်မလဲ၊ ဆန္ဒပြသူတွေ ဘေးအန္တရယ်ကင်း
ကြပါစေဟု ဆုတောင်းပေးမိ၏။ သည်စာရေးနေချိန်
ညနေ ၄ နာရီထိ အင်တာနက်လိုင်းမရ၍ ဘာသတင်းမှ မသိပေ။ စစ်အာဏာရှင်များကို
ပိုပိုပြီး ရွံမုန်းလာ၏။ စစ်သားများကို မမုန်းပါ။
သေနက်ပြောင်းဝ ပြည်သူဘက်လှည့်လာသော
စစ်သားများကိုတော့ ကျွန်တော်၏အသက်သေဆုံး
ချိန်အထိ မုန်းတီးသွားမည်ဟု ကတိပြုလိုက်၏။
သည်ကနေ့ည သံပုံးတီးသံ ပို၍ကျယ်လောင်စေရ
မည်။

img_0.05942142797350778.jpg

ကိုကိုမိုးဟိန်း
KoKoMoeHein

@myanmarkoko

6.Feb.21



0
0
0.000
0 comments